ချောင်းဦး၊ ၂၈ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်ဦးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဝင်းအောင်ခိုင် နှင့်အဖွဲ့သည် ဒီဇင်ဘာ ၂၈ ရက်က ချောင်းဦးမြို့နယ်၊ တောကျောင်းကြီးကျေးရွာ မြစိမ်းရောင်(ငါးကဏ္ဍ) အစီအစဉ်ဖြင့် ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
မြစိမ်းရောင် စီမံကိန်းအတိုးရငွေ၏ (၅၀%) ဖြင့်ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးရေးအတွက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျေးရွာမြစိမ်းရောင်ကြီးကြပ်မှု ကော်မတီဝင်များနှင့် ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီတို့မှဆောင်ရွက်လျှက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
MDN


