မကွေး  ၁၂  ဇူလိုင်

 

မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ဒု-တိုင်းဒေသကြီး ဦးစီးဌာနမှူးသည် မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ စလေကုန်းရပ်မြစိမ်းရောင်(ငါးကဏ္ဍ)ကျေးရွာစီမံကိန်း၏ အရင်းမပျောက် မတည်ရန်ပုံငွေမှ ထုတ်ချေးထားသည့်ငွေများဖြင့် အသင်းသား/သူများ ဆောင်ရွက်နေသည့် ငါးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများအား  ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ရာ မကွေးခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှူးနှင့် စလေကုန်းရပ် မြစိမ်းရောင် (ငါးကဏ္ဍ)ကျေးရွာ ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များမှ စီမံကိန်းရန်ပုံငွေစီမံခန့်ခွဲ အခြေအနေ၊ အသင်းသား/အသင်းသူများ၏ ချေးငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများအား လိုက်လံရှင်းလင်းပြသ ဆောင်ရွက်ခဲ့သည်။

           

မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ စလေကုန်းရပ်မြစိမ်းရောင်(ငါးကဏ္ဍ)ကျေးရွာစီမံကိန်းအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တတိယအကြိမ် ချေးငွေ သက်တမ်းတွင် ကျပ်(၃၅ ဒသမ ၈၀)သန်းအား အသင်းသား/အသင်းသူ(၉၁)ဦး သို့ ထုတ်ချေးပေးထားပြီး စီမံကိန်း စတင်သည့်နှစ် မှ ၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ အတိုးရငွေကျပ်(၉ ဒသမ ၇၅၅)သန်း ရရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

 

MDN