ဘုတလင် ၂၅ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဂွေးပင်ကျင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ခွင့်ပြုအတိုးရငွေကျပ် (၁၂ ဒဿမ ၅) သန်းဖြင့် ကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမအား ဂွေးပင်ကျင်းကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီက တာဝန်ယူဆောက်လုပ်လျက်ရှိရာ စက်တင်ဘာလ(၂၄)ရက်၊ ညနေပိုင်းတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် ဝန်ထမ်းများက အလျားပေ ၄၀၊ အနံ(၂၄)ပေ၊ အမြင့် ၁၂ ပေရှိ ကျေးရွာဘက်စုံသုံးခန်းမအား သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် ဝန်ထမ်းများသည် စပါးစဉ့်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် အသင်းသား၊ အသင်းသူ(၇၆)ဦးအတွက် ဆဌမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ကျပ်(၅၃၂)သိန်းအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်(ဘုတလင်)


