ပခုက္ကူ             စက်တင်ဘာ ၁၀

 

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြစ်ခြေမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းမကျီးချောင်းနှင့် သရက်တော ချောင်းရေမြင့်တက်သဖြင့် ယနေ့ နံနက် ၁ နာရီက လူနေအိမ်များအတွင်း ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ခြေမြို့၌ အိမ်ခြေ ၁၀၀ ခန့်အတွင်းသို့ ချောင်းရေများ ၃ ပေမှ ၄ ပေခန့်အထိ ဝင်ရောက်သဖြင့် နေအိမ်ခြံဝန်းများကို ကာရံထားသည့် ဝန်းထရံများမျောပါပျက်စီးခဲ့သည်။

 

အလားတူ မိုးသည်းထန်စွာရွာသွန်းပြီး ကျတ်ထိုးချောင်းရေမြင့်တက်မှုကြောင့် ချိုင်ကျေးရွာအုပ်စုရှိ မြေနီတွင်း ကျေးရွာနှင့် ရေကြည်ကျေးရွာချင်းဆက်မြေနီလမ်းမြေအချို့ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)