နေပြည်တော်  ၁၅   မတ် 


အုတ်တွင်းမြို့နယ်၊ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ နယ်မြေခံတပ်မတော် တပ်ဖွဲ့ဝင်များနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော စစ်ကြောင်းအဖွဲ့သည် မတ် ၁၂ ရက်တွင် ခပေါင်းကြိုးဝိုင်းအတွင်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ ကျွန်းသစ်/ပါကေး စုစုပေါင်း ၅ ဒသမ ၆၁၂၆  တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။


ထို့အတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မတ် ၁၃ ရက်တွင် သာပေါင်းမြို့နယ်၊ ငဝန်မြစ်ကမ်းတစ်လျှောက် စစ်ဆေးဆောင်ရွက်ရာ တရားမဝင် တောင်သရက်သစ်ခွဲသား လုံး/ချောင်း ၃၆၀ (၈၈ ဒသမ ၉၅၄၀) တန်အား ဖမ်းဆီးရမိခဲ့ပြီး အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ အပိုင်း(၃)၊ နန်ကျင်ကျေးရွာ၌ ရှာဖွေစစ်ဆေးရာ တရားမဝင်ကံ့ကော်ဖို/ သပြေ/ တောဇီး / ကညင်/ တောဂွေး/ ကြေးလံ/ တောင်သရက်သစ် (၅၄)လုံး (၅၁ဒသမ ၂၆၈၀)တန်အား ဖမ်းဆီးရမိခဲ့သည်။ 


ပြစ်မှုကျူးလွန်သူများ နှင့် ဆက်စပ်သူများကို စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီဌာနမှ သိရသည်။                             


မောင်လူမော်

 

1