ဆွမ်ပရာဘွမ် ၁၁ စက်တင်ဘာ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်း မိုင်တိုင်အမှတ် (၁၁၂/၁-၂)ကြားရှိ တံတားအမှတ် (၂/၁၁၂) ရေကျချောင်းတံတား အရှည်ပေ (၄၀) (D/S Bailey) တံတားအား တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)မှ D/S Bailey ထိုးခြင်း၊ Steel Decking ခင်းခြင်းလုပ်ငန်းများနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ လုပ်ငန်းစတင်ဆောင်ရွက်မည့် စက်တင်ဘာ (၁၂)ရက် နံနက်(၆)နာရီမှ ည(၆)နာရီအထိ လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ခေတ္တလမ်းပိတ်ထားမည်ဖြစ်ကြောင်း တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁)ထံမှ သိရှိရသည်။
ဖုန်ကန်(ပူတာအို)


