မြစ်ကြီးနား၊ နောင်ချို၊ ဖယ်ခုံ မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၁ ဧပြီ

 

မူးယစ်တပ်ဖွဲ့စု(၂) မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၀ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့နယ်၊ တီယန်ဇွပ်ကျေးရွာနေ မင်းဇော်နှင့် မအားကိုင်တို့၏နေအိမ်ကိုရှာဖွေရာ ဘိန်းဖြူ ၅၁ ဂရမ်နှင့် စိတ်ကြွရူးသွပ် ဆေး ၁,၄၆၃ ပြားတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ညနေ ၄ နာရီက မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့အဝင်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ မိုင်တိုင်အမှတ်(၈၀/၄)အနီး၌ ခရီးသည်တင် မော်တော်ယာဉ်ကို ရှာဖွေရာ ခရီးသည် မအားမိန်း(ခ)မရန်အားမိန်း၏ လွယ်အိတ်အ တွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈,ဝ၀ဝ၊ ၎င်းအနီးရှိ ကြွပ်ကြွပ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,ဝ၀ဝ၊ ငွေကျပ် ၅၀ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

 

ထို့အတူ မွန်းလွဲ ၂ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၆)ပင်လောင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖယ်ခုံမြို့နယ်၊ ကုံးဆုံကျေးရွာနေ ခွန်သန်းလွင်၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀ သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ကုံးဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာနေ မနန်းအောင်၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝ၀ဝ  သိမ်းဆည်းရမိခဲ့၍ ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN