နေပြည်တော်၊ ဇန်နဝါရီ ၉  

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် ဇန်နဝါရီ ၈ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်ရှိ မမြင့်မြင့်ခိုင် (ခ) မခိုင်၏ နေအိမ်သို့ ဝင်ရောက်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃,၈၀၀ ကိုလည်ကောင်း၊ ထိုနေ့ နံနက် ၈နာရီ ၄၅ မိနစ်တွင်  နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ မကျီးရေကျေးရွာ အနီးရှိ နောင်ချို - ရပ်စောက်သွား ကားလမ်းတွင် ရပ်စောက်မြို့မှ နောင်ချိုမြို့ဘက်သို့ ကျော်ကျော် (ခ) အိုက်ငေါင်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့် ရဲမိုးထက် မောင်းနှင်လာသော မော်တော် ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဇန်နဝါရီ ၇ ရက်  မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ Yankin Center အနီးတွင် အောင်မြင့်မြတ် (ခ) ဗိုက်ကြီးကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂,၄၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား