နေပြည်တော် နိုဝင်ဘာ ၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် နိုဝင်ဘာ ၅ ရက် နံနက် ၆ နာရီခွဲတွင် မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်နေ နိုင်နိုင်လင်း(ခ)ပူတူး ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၃၀ ကိုလည်းကောင်း၊ ထိုနေ့ နံနက် ၁၀နာရီ မိနစ် ၄၀ တွင် တာချီလိတ်မြို့နယ်၊ ဟွေပုံကျေးရွာအနီးတွင် အောင်ဖန်(ခ) အိုက်ဖန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း။
အလားတူ နိုဝင်ဘာ ၄ ရက် ညပိုင်းတွင် တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့၊ ညောင်ဖြူစခမ်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်းနှင့် မြင့်မိုရ်လမ်းဆုံတွင် ရဲသွေးနောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၆၀၀ ကိုသိမ်းဆည်း ရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)