ကာမိုင်း ၂၉   စက်တင်ဘာ

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူဇွပ်ကျေးရွာ လီဒိုလမ်းမကြီးပေါ်၌ စက်တင်ဘာ (၂၈)ရက် နံနက် ၆ နာရီတွင် ရေများအားလုံးပြန်ကျဆင်းသွားသဖြင့် မော်တော်ယာဉ်များအား ပုံမှန် အတိုင်းဖြတ်သန်းသွားလာနိုင်ပြီး ရေများဝင်ရောက်ခဲ့သည့်နေရာမျာ၌ သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါကာလမ်းပေါ်တွင် စက်တင်ဘာ (၂၄)ရက်နှင့် (၂၅)ရက်က မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ တောင်ကျရေများဝင်ရောက်လာမှုကြောင့် မိုးကောင်းချောင်းရေမြင့်တက်လာသ ဖြင့် ချောင်းရေလျှံကာ မြစ်ကြီးနား-တနိုင်းသွား(လီဒိုလမ်းမကြီး)ပေါ်သို့ ရေအနက်(၁၂)ပေခန့်နှင့် ကားလမ်းအရှည်ပေ (၂၀၀၀) ခန့်ထိ ရေများ ဖုံးလွှမ်းလျက်ရှိရာ အတက်/အဆင်းများသွားလာနေကြသည့်  မော်တော်ယာဉ်ငယ်/ယာဉ်ကြီးများအား ခေတ္တရပ်နားထားခဲ့ရသည်။

 

ရေများဝင်ရောက်ခဲ့သည့် စာသင်ကျောင်းများနှင့် နေအိမ်များသည် ယနေ့နံနက်ပိုင်းမှစ၍ ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သည့်အတွက် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ ရေများဝင်ရောက်ခဲ့သော နေရာများဖြစ်သည့် ရေတွင်းရေကန်များ၊ စာသင်ကျောင်းများအား သန့်ရှင်းရေးပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)