mdn

မြစ်ကြီးနား    သြဂုတ် ၃၀
    
ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို သြဂုတ် ၃၀ ရက်တွင် ကျန်းမာရေးဝန် ထမ်းများက သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
    
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြစ်ကြီးနားအကျဉ်းထောင်အတွင်းရှိ အကျဉ်း သား ၇၄၉ ဦးနှင့် အကျဉ်းသူ ၁၇၉ တို့အား ကျန်းမာရေးဝန်ထမ်းများမှ ထိုးနှံပေးနေမှုကို ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်လင်းအောင်၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် မြစ်ကြီးနားခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)