မြစ်ကြီးနား       ဇွန်      ၁၅

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (မန်ခိန်)၌ နှစ်ထပ်စာသင်ဆောင်ဟောင်းအား မသမာသူတစ်စုက မီးရှို့ခဲ့သဖြင့် ဇွန် ၁၅ ရက် နံနက် ၃ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

အဆိုပါ မီးလောင်မှုကြောင့် ပေ ၁၀၀ × ပေ ၃၀၊ သွပ်မိုး၊ အုတ်ညှပ်၊ အုတ်ခင်း နှစ်ထပ်စာသင်ဆောင်ဟောင်း အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးရှို့ဖျက်ဆီးသူများအား အရေးယူ ဆောင်ရွက်နိုင်ရေး ပလနနယ်မြေ ရဲစခန်းမှ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

မီးလောင်မှုဖြစ်ပွားရာ နေရာသို့ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ် သုံးစီးဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြိမ်းသွားကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

 

မျိုးမြင့်စိုး(ပြန်/ဆက်)