မြစ်ကြီးနား၊ ၅ ဇန်နဝါရီ
(၁၄)ကြိမ်မြောက် ပရဟိတအသင်းအဖွဲ့ပေါင်းစုံ စုပေါင်းသွေးလှူဒါန်းပွဲကို ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး သွေးလှူဘဏ်ခန်းမ၌ ကျင်းပခဲ့သည်။
စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပနေမှုကို ဒေါက်တာသန်းထွန်းအောင် ရောဂါဗေဒဆရာဝန်ကြီး သွေးလှူဘဏ်ဌာန၊ ကချင်ပြည်နယ် သွေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးအောင်ထွန်းလင်း၊ အတွင်းရေးမှူး ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများက သူနာပြုဆရာမများ၏ ကူညီဆောင်ရွက်ပေးနေမှုနှင့် သွေးလှူဒါန်းရှင်များ၏ သွေးဖောက်ထုတ်လှူဒါန်းမှုတို့ကို အားပေးကြည့်ရှုခဲ့ကြပြီး သွေးလှူဒါန်းသူ (၄၀)အတွက် အာဟာရပြည့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲကို ကချင်ပြည်နယ် သွေးဖောင်ဒေးရှင်းမှ ဦးဆောင်ကျင်းပခဲ့ပြီး မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်ကျေးရွာများမှ ပရဟိတ လူမှုရေးအသင်းအဖွဲ့ပေါင်းစုံများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ (၁)လတစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သွေးဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးထွန်းထွန်းမှ ပြောကြားခဲ့သည်။
စိန်ဝင်း(ပြန်/ဆက်)


