မြစ်ကြီးနား ဒီဇင်ဘာ ၂၈
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ကျင်းပခဲ့သည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ထိန်းသိမ်းစို့လေ လွတ်လပ်ရေးအမွေ ခေါင်းစဉ်ဖြင့် မြစ်ကြီးနားမြို့နယ်ရှိ ကျောင်း ၁၃ ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၃၃ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် အဆိုပါ စာစီစာကုံးပြိုင်ပွဲအား မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင် ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယော်ဆောင်(ပြန်/ဆက်)


