မြစ်ကြီးနား   ၁၃   ဩဂုတ်

မြစ်ကြီးနားမြို့တွင် ဩဂုတ် ၁၃ ရက်မှ ဒီဇင်ဘာ ၁၂ ရက်ထိ လေးလကြာ ဆိုင်ကယ်လိုင်စင်များကို ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

12

 

အဆိုပါ လိုင်စင်များကို မြစ်ကြီးနားမြို့ ဧရာရပ်ကွက် ပြည်နယ်အားကစားကွင်းရှိ အားကစားခန်းမတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီထိ လိုင်စင်များ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

လိုင်စင်ပြုလုပ်ပေးရာတွင် ယာဉ်တစ်စီးကို စည်းကြပ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကို ကညန၊ စည်ပင်၊ မြို့နယ်အခွန်၊ မီးသတ်၊ အကောက်ခွန်၊ ခရိုင်၊ မြို့နယ် ထွေ/အုပ် ယာဉ်ထိန်းရဲတပ်ဖွဲ့ စသည့် ဌာနများမှ အခွန်ကောက်ခံ၍ ယာဉ်လိုင်စင်များ ပြုလုပ်ပေးသွားမည် ဖြစ်သည်။

ယခင် ၂၀၁၈ ခုနှစ် ဇွန် ၁၈ ရက်မှ စက်တင်ဘာ ၁၈ ရက်ထိ (၃)လကြာ ဆိုင်ကယ်လိုင်စင် ပြုလုပ်ပေးရာတွင် ဆိုင်ကယ် အစီးရေ (၈၀ဝ၀)ကျော် ယာဉ်လိုင်စင် ပြုလုပ်ပေးနိုင်ခဲ့ကြောင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းယုန်းထံမှ သိရသည်။

(ခရိုင် ပြန်/ဆက်)