မြစ်ကြီးနား ၂၇ မေ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့ နံနက် (၇)နာရီတွင် မြစ်ကြီးနားမြို့၊ မြို့ပေါ် ရပ်ကွက်များနှင့်ကျေးရွာ နံနက်ဈေးများသို့ သွားရောက် ဖြန့်ဝေပေးကြသည်။
အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဝန်ထမ်းများက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် မြစ်ကြီးနားမြို့ မြို့ပေါ်ရပ်ကွက်များရှိ နံနက်ဈေးများ၊ လွယ်ခေါကျေးရွာ နံနက်ဈေးနှင့် ရှဒေါင်ကျေးရွာနံနက်ဈေးတို့တွင် ဈေးရောင်း၊ ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူတို့အား လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ(COVID-19)ရောဂါ မိမိကစ၍ကာကွယ်ပါ ခေါင်းစဉ်ဖြင့် ကိုဗစ်-၁၉နှင့်ပတ်သက်သည့် ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လိုက်နာရမည့်စည်းကမ်းချက်များ ပါဝင် သည့် လက်ကမ်းစာစောင်များကိုဖြန့်ဝေခြင်းနှင့်အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ယော်ဆောင်(ပြန်/ဆက်)


