မြစ်ကြီးနား ဒီဇင်ဘာ ၂၄
ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှ စတင်တာလွှတ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ အား/ကာတိုက်တန်း လမ်းမှ ရုံးကြီးလမ်းတစ်လျှောက်၊ ထိုမှတစ်ဆင့် သခင်နက်ဖေလမ်းအတိုင်း ပြည်သူ့အားကစားကွင်း အတွင်း ဝင်ရောက်ကာ ကိုယ်လက်ကြံ့ခိုင်ရေး အတွဲအမှတ် (၁)နှင့် (၂) လေ့ကျင့်ခန်းနှင့် Fitness Dance အကတို့ဖြင့် စုပေါင်းလေ့ကျင်ကြပြီး စုပေါငါးလမ်းလျှောက်သူများအား ပျော်ပွဲရွှင်ပွဲ ကစားပြိုင်ပွဲများ၊ အိမ်အသုံးအဆောင်ပစ္စည်းများကို ကံစမ်းမဲနှိုက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)