မြစ်ကြီးနား ၁၃  ဇူလိုင် 


    
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် ဇူလိုင် ၁၂ ရက်နေ့တွင် စိုးရိမ်ရေမှတ် ၁၂၀ဝ စင်တီမီတာတွင် ၁၂၂၉ စင်တီမီတာထိ မြင့်တက်ခဲ့လာသဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လူနေအိမ်များသို့ ရေများဝင်ရောက်ခဲ့သဖြင့် အိမ်ထောင်စုပေါင်း ၂၀၃၅ စု၊ လူဦးရေ ၁ သောင်းကျော် ရေဘေးသင့်ခဲ့ပြီး ယာယီကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ပြောင်းရွေ့ နေထိုင်လျက်ရှိသည်။


    
အဆိုပါ ရေဘေးသင့်မှုကြောင့် အံတော်ရှင်ကျောင်းတိုက်၌ လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူ၊ ရွှေညောင်ပင်ရပ်ကွက်များမှ ရေဘေးသင့် အိမ်ထောင်စု ၁၆၂ စု၊ လူဦးရေ ၇၇၃ ဦး၊ မြေမြင့်ဘုန်းတော်ကြီးကျောင်း၌ ကြက်ပေါင်ခြံ၊ ရမ်ပူ၊ မြို့သစ်ကြီးရပ်ကွက်များမှ အိမ်ထောင်စု ၉၀၊ လူဦးရေ ၄၅၄ ဦးတို့ အပါအဝင် လယ်ကုန်းရပ်ကွက်အတွင်း၌ အိမ်ထောင်စု ၄၉၅ စု၊ လူဦးရေ ၂၈၉၀ ဦး၊ စီတာပူရပ်ကွက်၌ အိမ်ထောင်စု ၁၃၀ ၊ လူဦးရေ ၇၉၂ ဦး၊ ရမ်ပူရပ်ကွက်အတွင်း အိမ်ထောင်စု ၆၀၉ စု၊ လူဦးရေ ၂၅၉၄ ဦးနှင့် ရမ်ပူမေတ္တာစိမ့်စမ်းရေမိဘမဲ့ဂေဟာတွင် လူဦးရေ ၄၂ ဦး၊ ကြက်ပေါင်ခြံရပ်ကွက်တွင် အိမ်ထောင်စု ၁၆၆ စု၊ လူဦးရေ ၈၆၉၊ မြို့သစ်ကြီးရပ်ကွက်အတွင်း အိမ်ထောင်စု ၁၅၉ စု၊ လူဦးရေ ၈၅၂ ဦး၊ ပမ္မတီးရပ်ကွက်အတွင်း အိမ်ထောင်စု ၁၂၈ စု၊ လူဦးရေ ၅၈၇ နှင့် ရွှေညောင်ပင် ရပ်ကွက်အတွင်း အိမ်ထောင်စု ၉၆ စု၊ လူဦးရေ ၄၅၀ ဦးတို့အား သက်ဆိုင်ရာ ရပ်ကွက်များအတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ နှစ်ခြင်း/ ကက်သလစ် ခရစ်ယာန်အသင်းတော်များ၊ ဂေါရခါးဓမ္မာရုံ၊ ကွန်ဖြူးရှပ်ကျောင်းစသည့်ဖြင့် ယာယီကယ်ဆယ်ရေးစခန်းပေါင်း ၂၆ ခုတွင် အိမ်ထောင်စု စုစုပေါင်း ၂၀၃၅ စုနှင့် လူဦးရေ ၁၀၃၀၃ ဦးတို့ကို ရွေ့ပြောင်းနေရာချထားပေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ကျန်းမာရေး စောင့်ရှောက်မှုများအပြင် စားသောက်ရေးအတွက် မုန့်၊ ထမင်းထုတ်များနှင့် ရေသန့်ဗူးများ ထောက်ပံ့ပေးထားကြောင်း ပြည်နယ်ပြန်/ဆက်မှ သိရှိ ရသည်။

 

MDN

 

1