မြစ်ကြီးနား ဧပြီ ၈
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၌ မိရိုးဖလာယဉ်ကျေးမှုနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လမ်းလျှောက်သင်္ကြန်ပွဲတော်များကို နေရာသုံးနေရာတွင် ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် မဟိုမဏ္ဍပ်၌ ယိမ်းအက ပြိုင်ပွဲများကို ရိုးရာယဉ်ကျေးမှုနှင့်အညီ ထည့်သွင်းကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း မဟာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
သို့ဖြစ်ပါ၍ ယိမ်းအကပြိုင်ပွဲ ကျင်းပရေး ကော်မတီအနေဖြင့် ဗဟိုမဏ္ဍပ်တွင် ယိမ်းအကပြိုင်ပွဲအား ကိုယ်ပိုင်စာသား/ ကိုယ်ပိုင်အဆို/ ကိုယ်ပိုင်အတီးဖြင့်လည်းကောင်း၊ ကိုယ်ပိုင်စာသား/ စီဒီဖြင့်လည်းကောင်း၊ စီဒီတေးသီချင်းဖြင့်လည်းကောင်း ပြိုင်ပွဲအမျိုး အစားသုံးမျိုးဖြင့် ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင်ဝန်ကြီးဌာနများ၏ယိမ်းအဖွဲ့များနှင့် ရပ်ကွက်ယိမ်းအဖွဲ့များအနေဖြင့် သက်ဆိုင်ရာနေရာများ၌ ယိမ်းအကများ လေ့ကျင့်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


