မြစ်ကြီးနား      ၁၂     ဒီဇင်ဘာ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ)တို့ ပူပေါင်းကျင်းပသော မသန်စွမ်းမှုဆိုင်ရာဆွေးနွေးပွဲ နှင့် UNCRPD ဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ကျင်းပသည်။

 

58

 

ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဦးနေဝင်းက မသန်စွမ်းသူများမှာ လည်း နိုင်ငံသားများ ဖြစ်သည့်အတွက် နိုင်ငံသားအခွင့်အရေးများကို ရရှိစေရန် နိုင်ငံတော်အနေဖြင့်ဖော် ဆောင်ပေးရမှာ ဖြစ်သကဲ့သို့ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာမှာ မသန်းစွမ်းသူများပါဝင်ပြီး ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ထောင်စုနှစ်ရည်မှန်းချက်များကို အကောင်အထည်ဖော်ကြရမှာဖြစ်ပါကြောင်း၊ ရွှေမင်းသားဖောင်ဒေးရှင်းကဲ့သို့ ကချင်ပြည်နယ်အတွင်း အခြားသော မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများ ပေါ်ထွက်လာစေရေး ပြည်နယ်အစိုးရအနေဖြင့် အားပေးပါကြောင်း ပြောကြားသည်။

 

259

 

ယင်းနောက် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ ကိုယ်စားလှယ် ဦးကျော်ထက်အောင်က ဖောင်ဒေးရှင်း၏ မသန်စွမ်းသူများအတွက် လုပ်ငန်းဆောင်ရွက်နေမှုများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

 

အဆိုပါ ဆွေးနွေးပွဲနှင့် အသိပညာပေးသင်တန်းတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ကောက် ယူထားရှိသော မသန်စွမ်းသူများဆိုင်ရာ အသင်းအချက်များကို ကွင်းဆင်းလေ့လာ၍ ပြန်လည်မှတ်တမ်း တင်ခြင်း၊ အစီရင်ခံစာများ ပြုစုတင်ပြခြင်း လုပ်ငန်းများအပြင် မသန်စွမ်းမှုဆိုင်ရာ သဘောတရားများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အခွင့်အရေးဥပဒေအသိပညာပေးခြင်းနှင့် UNCRPD ဆိုင်ရာအသိပညာပေး ခြင်း၊ မသန်စွမ်းမှုဆိုင်ရာ သတင်းအချက်အလက်များ ကောက်ယူခြင်းတို့နှင့် ပတ်သက်၍ ၃ ရက်တာ ဆွေးနွေးသင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

895

 

အခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်း အားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ ဌာနဆိုင်ရာများမှ သင်တန်းသား/သင်တန်းသူ (၇၁) တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဇွဲသူရအောင် (ပြန်/ဆက်)