မြစ်ကြီးနားမြို့နှင့် စစ်တွေမြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၁၀

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်နေ မခင်အေး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့် အတူ သိန်းလွင် ကိုတွေ့ရှိရပြီး ဘိန်းဖြူ သုည ဒသမ ၂၁ ကီလိုကိုလည်းကောင်း ကွင်းဆက်အရ ညနေ ၅ နာရီ ၄၅ မိနစ်တွင် လယ်ကုန်းရပ်ကွက်နေ သိန်းလှိုင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၁ ကီလို ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်တွေ မြို့၊ မင်းဂံရပ်ကွက်နေ မောင်ဖြူ၏ နေအိမ်သို့ ဝင်ရောက်ဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၆၅ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)