mdn


မြစ်ကြီးနား သြဂုတ် ၂

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာပံ့ပိုးကူညီပြီး အကောင်အထည်ဖော် ဆောင်ရွက်သော ရှဒေါင်ကျေးရွာ၌ ကွန်ကရစ်ဘောင်ခတ် သဲကျောက်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

ကွန်ကရစ်ဘောင်ခတ် သဲကျောက်လမ်းခင်းခြင်းလုပ်ငန်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ထောက်ပံ့ငွေကျပ်သိန်း ၁၀၀ အပြင် ကျေးရွာပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ဧပြီ ၂၃ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင် လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း၊ လမ်းအတိုင်းအတာမှာ အရှည်ပေ ၂၀၀၀၊ အကျယ် ၁၂ ပေနှင့် ဒုခြောက်လက်မဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောသည်။
ထိုကဲ့သို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည့်အပြင် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြု နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


မင်းမြင့်မိုရ်(ကျေးလက်)