မြစ်ကြီးနား ၁၈ နိုဝင်ဘာ      

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၌ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေစာရင်းကောက်ယူခြင်း လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်း ကြားဖြတ် လူဦးရေစာရင်း ကောက်ယူရမည့် ကောက်ကွက်(၂၉)ကွက်အား စတင်ကွင်းဆင်း ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရာ ထံမှ သိရ သည်။

အဆိုပါ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို မြစ်ကြီးနားမြို့နယ်၌ ကောက်ကွက် စုစု ပေါင်း(၂၉)ကွက်ရှိပြီး ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးကိုကိုစိုးနှင့် မြို့နယ်ဦးစီးမှူး ဦးဇော်ရာ တို့က အနီးကပ်ကြီးကြပ်၍ ဝန်ထမ်းများက အဖွဲ့များခွဲ၍ Mobile Tablet များ အသုံးပြုကာ CAPI နည်းစနစ်ဖြင့် လူဦးရေစာရင်းများကို စနစ်တကျ ကောက်ယူဆောင်ရွက်နေကြောင်း သိရပြီး ယင်း ကြားဖြတ်လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ (၁၄)ကြာ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )

 

စသူ