မြစ်ကြီးနားမြို့နယ်၌ မိုးသီးကြွေကျမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်များအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

မြစ်ကြီးနား  ၁  မတ်

 

ကချင်ပြည်နယ်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းပြီး မိုးသီးကြွေကျမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော လူနေအိမ်များအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့နယ် လွယ်ခေါကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ခဲ့ကြောင်း ပြန်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

ထောက်ပံ့ပေးအပ်ပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုဝန်ကြီး ဦးနေဝင်းက မိုးသီများကြွေကျမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာက ထောက်ပံ့ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ေ္

 

ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့နယ် လွယ်ခေါကျေးရွာရှိ ဘေးသင့်အိမ်ခြေ (၄၁၁)အိမ်နှင့် ဘာသာရေးကျောင်း (၇)ကျောင်းအတွက် သွပ်အချပ်ရေ (၈၁၀၅)ချပ်၊ နန်းကွေ့ကျေးရွာရှိ အိမ်ခြေ (၂၉)အိမ်နှင့် ဘာသာရေးကျောင်း (၂) ကျောင်းအတွက် သွပ် (၆၅၅) ချပ်၊ MEC အမျိုးအစား ၇ ပေသွပ် စုစုပေါင်း ၈၇၆၀ ချပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ကလည်း မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာအုပ်စု၊ မရမ်းကျေးရွာသို့ သွားရာက်၍ ဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးကာ အိမ်ထောင်စု (၃၄၂)စုအတွက် တစ်အိမ်ထောင်လျှင် သွပ် (၂၀)ချပ်နှုန်းဖြင့် စုစုပေါင်း (၆၈၄၀)ချပ်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

MDN