မြစ်ကြီးနား ၇ ဒီဇင်ဘာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အား ပြည်နယ်၏ စံပြမြို့တော်တစ်ခုအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် ကျွန်းပင်သာရပ်ကွက်နှင့် ရွှေညောင်ပင်ရပ်ကွက်များအတွင်းရှိ လက်ပံလမ်း အရှည်ပေ ၅၃၅၀ ပေ၊ ရတနာလမ်း အရှည်ပေ ၁၅၀၀ နှင့် ဒေသန္တရလမ်း အရှည်ပေ ၃၆၅၀ ပေတို့ကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစ်ဆေးခဲ့သည်။ ထိုမှတစ်ဆင့် ဒူကထောင်ရပ်ကွက်အတွင်းရှိ ဂျော်လမ်း အရှည်ပေ ၃၈၅၀ ပေနှင့် ပမ္မတီးရပ်ကွက် ခရမ်းကျောင်းလမ်း အရှည်ပေ ၄၅၀၀ တို့ကို ကတ္တရာလမ်းအဖြစ် ခင်းကျင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ကြရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)