မြစ်ကြီးနား၊   ၁၀  ဒီဇင်ဘာ

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်နန်းရိပ်သာရပ်ကွက်၌ နိုဝင်ဘာ ၉ ရက်က အမျိုးသမီးတစ်ဦး ဆိုင်ကယ် မောင်းနှင်လာစဉ် အမျိုးသားတစ်ဦးက ရွှေဆွဲသီး လုယက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၉ ရက် နံနက် ၉ နာရီ မိနစ် ၂၀ က မြစ်ကြီးနားမြို့ အောင်နန်းရိပ်သာရပ်ကွက်နေ ဒေါ်နန္ဒာဆန်း သည် နေအိမ်မှ မြစ်ကြီးနားမြို့ မြို့မဈေးသို့ ဈေးဝယ်ရန် ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ခွာလာစဉ် အောင်နန်းရိပ်သာ ဘုန်းတော်ကြီးကျောင်းရှေ့အရောက် အမျိုးသားတစ်ဦး ဆိုင်ကယ်ဖြင့် အနောက်မှ ကပ်လျပ်လိုက်ပါလာ၍ မနန္ဒာဆန်း ဝတ်ဆင်ထားသည့် ဆွဲကြိုးကို ဆွဲလုခဲ့ရာ ဆွဲကြိုးမှာလည်ပင်းတွင် ပြတ်ကျန်ခဲ့ပြီး လခြမ်းပုံချိတ်နှင့် ရွှေဆွဲသီးမှာ အမျိုးသားလက်ထဲသို့ ပါသွားကာ ဆိုင်ကယ်မောင်းနှင် ထွက်ပြေးသွားခဲ့သည်။

 

ဖြစ်စဉ်ကြောင့် ရွှေဆွဲသီးလုယူသူ အမျိုးသားအား ရှာဖွေဖမ်းဆီးပေးနိုင်ရေး မနန္ဒာဆန်း က တရားလိုပြု တိုင်ကြားခဲ့ရာ မြစ်ကြီးနားမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းက အမှုဖွင့်လှစ်ပြီး အမြန်ဆုံးဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့မှ စုံစမ်းလျက်ရှိကြောင်း သိရသည်။

 

မိုဃ်းကျ(မြစ်ကြီးနား)