မြစ်ကြီးနား  ၁၀  ဖေဖော်ဝါရီ

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပထမဆုံးအကြိမ်အဖြစ် "ဆောင်းနှောင်း" အမည်ဖြင့် ပန်းချီပြပွဲကို ဖေဖော်ဝါရီ ၅ ရက်မှ ၁၂ ရက်နေ့အထိ စီတာပူရပ်ကွက်၊ နောင်ရာ လမ်းသွယ်(၁)ရှိ Bungshi Art Gallery တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

 

3

 

 ပန်းချီပြပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ပြပွဲစီစဉ်သူ ပန်းချီဆရာ ဦးအင်ခွန်ဘရမ်က " ပန်းချီပြပွဲတွေကို မြန်မာပြည်အောက်ပိုင်းမှာ မကြာခဏကျင်းပပြုလုပ်လေ့ရှိပေမယ့် မြစ်ကြီးနားမှာတော့ ဒီပြပွဲဟာ ပထမဆုံးအကြိမ်ပါ၊ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ပြည်သူတွေ ပန်းချီရဲ့အနှစ်သာရတွေကို သိရှိခံစား နိုင်ဖို့ ပန်းချီပညာရဲ့ ဗဟုသုတတွေ ရရှိစေဖို့ ရည်ရွယ်ပြီးဖွင့်လှစ်ရတာပါ " ဟု ပြောသည်။

 

 အဆိုပါပန်းချီပြပွဲတွင် ပန်းချီပညာရှင်၊ ဝါသနာရှင်လူငယ် ၁ဝ ဦးမှ ပါဝင်ရေးဆွဲထားသည့် ပန်းချီကားချပ်ပေါင်း ၆၀ ကျော်ကို ခင်းကျင်းပြသထားရှိကာ ပန်းချီပြပွဲသို့ လာရောက် ကြည့်ရှုသူများ အနေဖြင့် ပန်းချီကားချပ်များတွင်ပါဝင်သည့် အကြောင်းအရာများကို သိရှိလိုပါက ပန်းချီဆရာများမှ ကိုယ်တိုင်ရှင်းပြပေးသွားမည်ဖြစ်ပြီး ပန်းချီကားများကိုလည်း ရောင်းချပေးသွားမည်ဖြစ်သည်။

 

23

 

 ပန်းချီပြပွဲတွင် ခင်းကျင်းပြသထားသည့် ပန်းချီအမျိုးအစားများမှာ အခရိုင်းလစ်၊ (ရေဆေးပန်းချီ)၊ ခဲပန်းချီ အမျိုးအစားများဖြစ်ပြီး မည်သူမဆို နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အခမဲ့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)

 

56