မြစ်ကြီးနား ၁၉ ဇန်နဝါရီ 

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်(နေပြည်တော်)၏ ပံ့ပိုးကူညီမှုဖြင့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား)မှ ကြီးမှူး၍ တတိယအကြိမ်မြောက် ကျောက်စိမ်းအရောင်းပြပွဲကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၈ ရက်အထိ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစင်တာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာကျပ်ငွေဖြင့်သာ ရောင်းချမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

တတိယအကြိမ်မြောက် ကျောက်စိမ်းအရောင်းပြပွဲတွင် မြန်မာကျပ်ငွေဖြင့်သာ ရောင်းချနိုင်ရန် စီစဉ်ထားရှိပြီး ခင်းကျင်းပြသမည့် ကျောက်စိမ်းများ၏ အရည်အသွေးကို (A, B, C, D)အဆင့်လေးဆင့်ခွဲ၍ ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၆ ရက်အထိ ခင်းကျင်းပြထားမည်ဖြစ်ကာ ၂၇ ရက်နှင့် ၂၈ ရက်တွင် တင်ဒါဖွင့်ဖောက် ရောင်းချမည်ဖြစ်၍ ခင်းကျင်းပြသလိုသည့် ကုမ္ပဏီနှင့်လုပ်ငန်းရှင်များ၏ ခင်းကျင်းပြသမည့် ကျောက် lot တွဲများကို ဇန်နဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အတွင်း တာဝန်ရှိသူများမှ လက်ခံပေးလျက်ရှိကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)