နေပြည်တော်၊ ဇန်နဝါရီ ၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့နယ်၊ မလိခကျေးရွာအုပ်စု၊ နမ့်ခမ်းကျေးရွာ အနီးတွင် ဇွဲကိုကိုနိုင် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၁ ကီလိုကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဗန်းမော်မြို့နယ်၊ ခိုကျင်ကျေးရွာအုပ်စု၊ ခိုကျင်ကျေးရွာအနီးတွင် ဝင်းခိုင် မောင်းနှင်ပြီး မနန်းညို လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၁ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)
