နေပြည်တော်၊ ဇွန် ၃
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၂ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့နယ်၊ လွယ်ခေါကျေးရွာအုပ်စု၊ လွယ်ခေါကျေးရွာအနီး၊ ၂၁ မိုင် ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် တူးဂျာ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၃၂ ကီလိုကို သိမ်းဆည်းမရမိခဲ့သည်။
အလားတူ ယင်းနေ့ ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော် ကလေး (တောင်) ရပ်ကွက်၊ မြန်မာ့ဂုဏ်ရည်လမ်းပေါ်တွင် ထက်မြတ်အောင်နှင့် ကိုကိုဝင်း (ခ) ကုလားလေးတို့ ၂ ဦးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား