မြစ်ကြီးနား ဒီဇင်ဘာ ၄
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသား ကျောင်းသူ အဆောင်များနှင့် စာသင်ဌာနများအတွင်း သန့်ရှင်းသာယာလှပရေးနှင့် တက္ကသိုလ်ဝင်း အတွင်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက တက္ကသိုလ်သို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း ဌာနဆိုင်ရာများ၊ တပ်ရင်း၊ တပ်ဖွဲ့များက ကျောင်းသား ကျောင်းသူ အဆောင်များဖြစ်သည့် ဆွမ်ပရာဘွမ်ဆောင်၊ ဆဒုံးဘွမ်ဆောင်၊ အင်ခိုင်ဘွမ်အဆောင် ပတ်ဝန်းကျင်များ နှင့် ရုက္ခဗေဒဌာနတို့တွင် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူ သိမ်းဆည်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှု အားပေးကြပြီး တက္ကသိုလ်ပတ်ဝန်းကျင် သာယာလှပရေး၊ ကျောင်းသား ကျောင်းသူများ ဘေးကင်းလုံခြုံစွာ တက်ရောက်ပညာသင်ကြားနိုင်ရေးနှင့် အခြေခံ အဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်ရန် ကိစ္စရပ်များကို ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)