မုဒုံ ၁၃ အောက်တိုဘာ
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ကတုံးပေါ်ကျေးရွာတွင် စက်တင်ဘာ ၂၄ ရက်က ဖြစ်ပွားခဲ့သော ချောင်းကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၆)လုံးအတွက် ယနေ့ မွန်းလွဲ ၃ နာရီက ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာ ချောင်းအရှေ့ကွက်တွင် ဒီရေတိုက်စားမှုနှင့် ရေစီးကြောင်း ပြောင်းလဲမှုတို့ကြောင့် ချောင်းကမ်းပါးမြေပြိုမှုဖြစ်ပွားခဲ့ပြီး ကြိုတင်ဖျတ်သိမ်းပြောင်းရွှေ့ခဲ့ရသော နေအိမ် (၆)လုံး၊ အိမ်ထောင်စု (၆)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၁၀၀၀၀၀) စုစုပေါင်းငွေကျပ် (၆၀၀၀၀၀)ကျပ်ကို မုဒုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံ ဒေါ်သိပ့်သိပ့်အောင်နှင့် တာဝန်ရှိသူများက ၎င်းတို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


