နေပြည်တော် ၁၅ ဇန်နဝါရီ
ဇန်နဝါရီ ၁၄ ရက် နံနက် ၈ နာရီခွဲခန့်က မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ပန်းလှိုင်မြစ်ကမ်းပါး ပြိုကျမှုကြောင့် ဆားမလောက်ကျေးရွာမှ သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်(၅)လုံးအား ကျေးရွာအတွင်းရှိ မြေကွက်လပ်သို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။
အလားတူ ဓနုဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ရေလဲကြီးကျေးရွာမှ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်(၅)လုံးအား ကျေးရွာအတွင်းရှိ မြေကွက်လပ်သို့ ရွှေ့ပြောင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN