လက်ပံတန်း ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်မခမြစ်ရေမြင့်တက်ပြီး ကွင်းရေများ မြင့်တက်လာမှုကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ် ဘီးလင်းအုပ်စု၊ ဖိုးကတိုးကျေးရွာရှိ တာပေါ်ရေကျော်နေမှုကို ကြည့်ရှုပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများအား ဖိုးကတိုးတာ မကျိုးစေရေး၊ ကြံ့ခိုင်မှုရှိရေးအတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန်၊ ဖိုးကတိုးတာနှင့်ပတ်သက်၍ မြစ်ရေအတက်ကျပေါ် မူတည်ပြီး ရေကင်းများ ချထားရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)