နေပြည်တော် ၁၄ ဇူလိုင်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက် ၆ နာရီခွဲတွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများကို ထုတ်ပြန်ရာ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် စိုးရိမ်ရေအမှတ်ထက် ၁၉ စင်တီမီတာ ကျော်လွန်နေပြီး ရွှေကူမြို့တွင် စိုးရိမ်ရေအမှတ်ထက် ၂၆ စင်တီမီတာ ကျော်လွန်နေသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် စိုးရိမ်ရေအမှတ်ထက် ၁၅ စင်တီမီတာ ကျော်လွန်နေပြီး ကုလားတန်မြစ်သည် ကျောက်တော်မြို့တွင် စိုးရိမ်ရေအမှတ်ထက် ၃၅ စင်တီမီတာ ကျော်လွန်နေကာ လေးမြို့မြစ်သည် မြောက်ဦးမြို့တွင် စိုးရိမ်ရေအမှတ်ထက် ၁၀ဝ စင်တီမီတာ ကျော်လွန်လျက်ရှိကြောင်း သိရသည်။
MDN

