တနင်္သာရီ ၁၂ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေကြီးလျက်ရှိရာ သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန် တိုင်းတာချက်အရ တနင်္သာရီမြစ်ရေသည် အန္တရာယ်ရေအမှတ်(၂၄)ပေထက် (၂ ပေနှင့် ၆ လက်မ)ကျော်ပြီး (၂၆ ပေ ၆ လက်မ)သို့ ရောက်ရှိလာသဖြင့် တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံ တိုးချဲ့ဆောင်အတွင်းထားရှိသည့် ဆေးနှင့်ဆေးပစ္စည်းများ ရေစိုပျက်စီးမှု မဖြစ်ရလေအောင် ကြိုတင်ပြီးနံနက် ၁ဝ နာရီအချိန်မှစ၍ ရေလွတ်ရာနေရာသို့ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်ကြောင်း မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာလင်းထိုက်ထံမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


