အရာတော် ၂၅ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၌ မြစ်ရေတင်စီမံကိန်းဧရိယာအတွင်း စိုက်ပျိုးရေ အသုံးချလျက်ရှိသော ရေသောက်တောင်သူများအတွက် ဆည်ရေကိုစနစ်တကျသုံး စွဲရေးရေ အသုံးချသူများအဖွဲ့(WUG) ဖွဲ့စည်းပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ရေအသုံးချသူများအဖွဲ့ (WUG) ဖွဲ့စည်းရာတွင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်အေးထူးက မြစ်ရေတင်စီမံကိန်း ရေအသုံးချသူ များအဖွဲ့ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များနှင့် တောင်သူများ၏ အကျိုးခံစားခွင့်ပတ်သက်၍ ရှင်းလင်း ပြောကြားရာ တက်ရောက်လာသည့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အရာတော်(၂) မြစ်ရေတင်စီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရေအသုံးချသူများအဖွဲ့ (၂၅) ဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးမြေဧက (၃၇၀ဝ)ကို ရေပေးဝေနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါမြစ်ရေတင်စီမံကိန်းသည် စပါး (၂၃၀ဝ) ဧကနှင့် အခြားသီးနှံ (၇၇၀ဝ) ဧက စုစုပေါင်း ဧက (၁၀ဝ၀ဝ) ကို စိုက်ပျိုးရေပေးဝေမည့် စီမံကိန်းတစ်ခုဖြစ်ပြီး ရေအသုံး ချသူများအဖွဲ့ (၇၅) ဖွဲ့နှင့် ရေအသုံးချသူများ အသင်း (၁) သင်းကို ဖွဲ့စည်းဆောင်ရွက်ရန် လျာထား လျက်ရှိကြောင်း မြစ်ရေတင်စီမံကိန်းတာဝန်ခံ ဦးခင်မောင်ထွေး က ပြောကြားသည်။
မွှေးကြူဇင်


