မတ္တရာ ၁ သြဂုတ်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက် မှုကြောင့် ယာယီပိတ်ထားရသော စာသင်ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။
“ဧရာဝတီမြစ်ရေကတော့ ကျသွားပါပြီ။ ရေကတော့ရှိနေသေးပါတယ်။ အန္တရာယ်မရှိ တော့ တဲ့ အခြေအနေမို့ ကျောင်းပြန်ဖွင့်တာပါ”ဟု အထက်တန်းကျောင်းအုပ်ဆရာကြီး တစ်ဦးက ပြောသည်။
မြစ်ရေဝင်ရောက်မှုကြောင့် အထက်တန်းကျောင်း(၃)ကျောင်း၊ အထက်တန်း ကျောင်းခွဲ(၉)ကျောင်း၊ အလယ်တန်းကျောင်း(၄)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၇) ကျောင်း၊ မူလတန်းကျောင်း(၂၇)ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၁၆)ကျောင်း၊ မူလတန်း ကျောင်းခွဲ(၁)ကျောင်း စုစုပေါင်း ယာယီပိတ်ထားခဲ့ရသည်။
ယခုအခါကျောင်းအားလုံး ပုံမှန်အတိုင်း ပြန်လည်ဖွင့်နေပြီဖြစ်ပြီး ပိတ်ထားခဲ့ရသော ရက်များအား ကျောင်းပိတ်ရက်များတွင် အစားထိုးဖွင့်လှစ် သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


