တံတားဦး  ၃၁  ဇူလိုင်

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်နှင့် ဒုဌဝတီမြစ်တို့ ရေဝင်ရောက်မှုကြောင့် ကျေးရွာများရှိ ရေလွတ်ရာကုန်းမြင့်ဒေသများသို့ ပြောင်းရွှေ့သော ကျွဲ၊ နွား တိရစ္ဆာန်များကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံပေးကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းဇော်နှင့် ဝန်ထမ်းများက မြစ်ရေဝင်ရောက်မှုကြောင့် ရေလွတ်ရာကုန်းမြင့် ဒေသသို့ ပြောင်းရွှေ့သော ကျွဲ ၊ နွား တိရစ္ဆာန်များကို သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပွားနိုင်သည့် ရောဂါဖြစ်သော လည်ချောင်းကွဲရောဂါကာကွယ်ဆေးကို  ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

 

ကာကွယ်ဆေးထိုးနှံပေးသော ကျေးရွာများမှာ လက်ဆောင်ယူကျေးရွာတွင် (၁၈၂)ကောင်၊ ငါးရာပြားကျေးရွာတွင် (၉၉)ကောင်၊ ကျီးပင်ကျေးရွာတွင် (၂၈)ကောင်၊ ဥယျာဉ်‌ကျေးရွာတွင် (၂၆) ဆင်ကျုံးကျေးရွာတွင် (၄)ကောင်  စုစုပေါင်း(၃၃၉) ကောင်ကို အခမဲ့ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ရဲတင့်(တံတားဦး-ပြန်/ဆက်)