ဂန့်ဂေါ၊ ၂၈ ဇန်နဝါရီ

 

ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာထက်ဝက်ခန့်သည် မြစ်သာမြစ် ကမ်းဘေးနေရာ မြေနုလွင်ပြင်များ၌ ဆောင်းသီးနှံများ စိုက်ပျိုးကြပြီး ယခုနှစ်တွင် သခွါးမွှေးကို တိုးချဲ့စိုက်ပျိုးလာကြသည်။

 

ပုံမှန်စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်၊ ပန်းများ၊ ဖရဲ အပြင် သခွါးမွှေးမှာ တိုးချဲ့စိုက်ပျိုးခြင်းဖြစ်၍ ဝူခုန်း ၂၅ နှင့် ရွှေသခွါးသီးမျိုးများကို စိုက်ပျိုးကြခြင်းဖြစ်သည်။

 

ဂန့်ဂေါမြို့ မြို့မရပ်ကွက် မြစ်သာမြစ်နှင့် လောင်ထောင်ချောင်းတို့ ဆုံသည့် မြေနုလွင်ပြင်၌  မြို့မရပ်ကွက်မှ ဦးကျော်လင်းက “အဆိုပါ သခွါးမျိုးများကို ဒီဇင်ဘာလအတွင်းက တိုင်ထောင်စနစ်ဖြင့် စမ်းသပ်စိုက်ပျိုးရာ တစ်ဧကလျှင် သိန်း ၃၀ ကျော် ကုန်ကျပြီး မတ်လကုန်ပိုင်းမှာ ဆွတ်ခူးနိုင်မည်ဟု ခန့်မှန်းကြောင်း နှင့် ဈေးကောင်းရဖို့ မျှော်လင့်ပါတယ် ဟု ပြောပြသည်။

 

ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသော အရည်အသွေးကောင်း သီးနှံအမယ်သစ်များ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် တောင်သူများ စီးပွားရေးတွက်ခြေကိုက်ပြီး ဝင်ငွေတိုးစေရန် အားပေးကူညီ ဆောင်ရွက်လျက်ရှိသည့်အပြင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများကို လိုက်နာကျင့်သုံးရေး တို့အတွက်  တာဝန်ရှိသူများက ကွင်းဆင်းကြပြီး စိုက်ပျိုးသူ တောင်သူများနှင့်တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

 

၁၄၄

 

mdn