မြစ်သား ၁၉    အောက်တိုဘာ 

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် NEP အစီအစဉ်ဖြင့်  ပထမဦးဆုံး ဆောင်ရွက်သည့် ကျေးရွာမီးလင်းရေး ဖွင့်ပွဲကို နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက ဇီးဖြူကုန်းကျေးရွာဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နှင့် မြစ်သားမြို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းတို့က အဖွင့်အမှာစကားပြောကြားကာ မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးမျိုးသန့်က လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များကို ဆွေးနွေးပြောကြားပြီး ရွာသစ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနိုင်စိုးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ လျှပ်စစ် မန်နေဂျာ ဦးမျိုးသန့်နှင့်ကျေးရွာ မီးလင်းရေးကော်မတီတို့က ၂၀ဝ ကေဗွီအေ ထရန်စဖော်မာ ၁၁ ကေဗွီလိုင်းအား ဖဲကြိုးဖြတ် စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး မီးစတင် လွှတ်ပေးခဲ့သည်။

 

ရွာသစ်အုပ်စု ဇီးဖြူကုန်းကျေးရွာ၌ ဖွင့်လှစ်ခဲ့သည့် အဆိုပါ ၂၀ဝကေဗွီအေ ထရန်စဖော်မာ ၁၁ ကေဗွီ လိုင်း(၁.၅)မိုင်၊ ၁၁/ဝ.၄ ကေဗွီ(၁၀ဝကေဗွီအေ)၊ ၄၀ဝဗို့အားလိုင်း(၁.ဝ၆မိုင်)သည် လူဦးရေ (၉၂၇)၊ အိမ်ခြေ (၁၇၉)၊ အိမ်ထောင်စု(၁၇၃)တို့အား လျှပ်စစ်မီး ဖြန့်ဝေပေးနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

 

မြို့နယ်ပြန်/ဆက်