မြစ်သား ၃၁ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊မြစ်သားမြို့နယ်တွင် NEPအစီအစဉ်ဖြင့် ဆောင်ရွက်သည့် ကျေးရွာမီးလင်းရေး ဖွင့်ပွဲကို ယမန်နေ့ ညနေက ၄ နာရီက လက်ပံဆိပ်ကျေးရွာ ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မီးလင်းရေးဖွင့်ပွဲကျင်းပရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာလင်းလင်းကျော်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်းနှင့် မြစ်သားမြို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးတို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးသန့်က လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အကြောင်းအရာများကို ဆွေးနွေးပြောကြားကာ လက်ပံဆိပ် ကျေးရွာမီးလင်းရေး ကော်မတီဉက္ကဌ ဦးဝင်းမြင့်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်ကျေးရွာ မီးလင်းရေးကော်မတီတို့က ၂၀ဝ ကေဗွီအေ ထရန်စဖော်မာ ၁၁ ကေဗွီလိုင်းအား ဖဲကြိုးဖြတ် စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးပြီး မီးစတင် လွှတ်ပေးခဲ့သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ NEP အစီအစဉ်ဖြင့် ကျေးရွာမီးလင်းရေး ဆောင်ရွက်ခဲ့ရာ လက်ပံဆိပ် ကျေးရွာတွင် ၂၀ဝ ကေဗွီအေ ထရန်စဖော်မာ(၁)လုံး၊ ၁၁ ကေဗွီလိုင်း(ဝ.၃)မိုင်ကိုဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။
မြမြမွန်(ပြန်/ဆက်)