မြစ်သား ၉ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ရှမ်းပွဲရပ်ကွက်နေ ဦးတင်ကြိုင်+ ဒေါ်ခင်သိန်း (မိသားစု)မှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်သားမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် ကလေး စာဖတ်ခန်းအတွက် ကလေးရုပ်ပြစာအုပ်မျိုးစုံကို ယနေ့ မွန်းလွဲ ၁ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အလှူရှင်မိသားစုမှ ကလေးစာဖတ်ခန်းတွင် ကလေးများလာရောက်လေ့လာ ဖတ်ရှုနိုင်စေရန်နှင့် အသိပညာ ဗဟုသုတများရရှိစေရန်အတွက် ရည်ရွယ်၍ ကလေးစာပေများကို လာရောက်လှူဒါန်းခြင်းဖြစ် ကြောင်းနှင့် လာရောက်လှူဒါန်းသည့် စာအုပ်များမှာ ငွေကျပ်(၄၅၀၀၀)တန်ဖိုးရှိ ကလေးများအတွက် ပညာပေးရုပ်ပြ စာအုပ်များနှင့် ဓမ္မရုပ်ပြစာအုပ်မျိုးစုံ (၉၀)အုပ်ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ဦးစီးမှူး ဒေါ်ဆုမွန်ထွန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)


