မြစ်သား  ၁၅     ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ မြို့မဈေးအတွင်း Covid-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအနေဖြင့်  ဈေးရောင်းချသူများနှင့် ဈေးသို့လာရောက်ဝယ်ယူသူများအားလုံး Mask တပ်ဆင်၍ ရောင်းချဝယ်ယူကြ စေရန်နှင့် ပျံကျဈေးသည်များအား Social Distancing အနည်းဆုံး (၆)ပေ အကွာ ရှိစေရေးအတွက် ယနေ့နံနက် ၆နာရီမှစတင်ပြီး စနစ်တကျရောင်းချလျက် ရှိပါသည်။

 

77110

 

ပျံကျဈေးသည်များ (၆)ပေအကွာမှ စနစ်တကျရောင်းချနိုင်ရန်အတွက်  ဧပြီ ၁၄ ရက် ညနေ ၄ နာရီက မြို့နယ်စည်ပင် သာယာရေးအဖွဲ့ မြို့နယ်အမှုဆောင်အရာရှိ ဦးကျော်ခိုင်နှင့် ဝန်ထမ်းများက ဈေးပတ်ပတ်လည်တွင် နေရာများ သတ်မှတ်ပေးခဲ့ကြောင်းနှင့် ဈေးသို့ လာရောက်ရောင်းဝယ်ကြသော ပြည်သူ လူထု၏ မော်တော်ဆိုင်ကယ်များ ပိုးသတ်ဆေးဖျန်းခြင်းကိုလည်း မြစ်သားမြို့နယ်စည်ပင် သာယာရေးဝန်ထမ်းများမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

           

ဆုမွန်-မြစ်သားပြန်/ဆက်

 

128552588