မြစ်သား ၁၃ ဧပြီ
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအား မြစ်သားမြို့နယ်ဗဟိုမဏ္ဍပ်၌ ယနေ့ နံနက် ၉ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ယိမ်းအဖွဲ့များက မြူမှောင်ဝေကင်းသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များက အတာရေပက်ဖျန်းပေးပြီး သင်္ကြန်ယိမ်းအဖွဲ့ ၁၂ ဖွဲ့၊ MP-Ten music Band နှင့်အတူ မြို့ခံဝါသနာရှင် လူငယ်များက သင်္ကြန်သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြရာ တာဝန်ရှိသူများက ဆုတော်ငွေများ ချီးမြှင့်ပေးကြသည်။
မြို့နယ် (ပြန်/ဆက်)


