မြစ်သား ၉ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့၌ အာဖရိကဝက်အပြင်းဖျားရောဂါနှင့် အခြားတိရစ္ဆာန် ရောဂါကာကွယ်ထိန်းချုပ်ရေးသင်တန်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနခန်းမ၌ စက်တင်ဘာလ ၉ ရက် နံနက်၁၀နာရီက ဖွင့်လှစ်သည်။
သင်တန်းတွင် မြစ်သားမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်ဇော်က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ဝက်များတွင်ဖြစ်ပွားတက်သော အာဖရိက ဝက်အပြင်းဖျားရောဂါအကြောင်းအရာများကို ကြိုတင်သတိပြုရန်နှင့် အခြားတိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ရောဂါဖြစ်စေသည့်ပိုး၊ ရောဂါဖြစ်သောတိရစ္ဆာန်၊ ရောဂါကူးစက်ပျံ့နှံခြင်း၊ ရောဂါလက္ခဏာများ၊ ရောဂါပိုးပျိုးချိန်ကြိုတင်ကာကွယ်ခြင်းနှင့် ကူးစက်ရောဂါကာကွယ်ထိန်း ချုပ်ခြင်းတို့ကို ကျေးလက်နေပြည်သူများ သိသင့်သိထိုက်ရန် သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းကို မြစ်သားမြို့နယ်ကျေးရွာများမှ လက်တွေ့မွေးမြူရေးလုပ်ကိုင်နေသည့် သင်တန်း သား၊သင်တန်းသူများနှင့် ကျောက်ဆည်တပ်နယ်၊ မိုင်းမောတပ်မှ အရာရှိ၊ အရာခံအကြပ်စစ်သည်များ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၃၀ တက်ရောက်ပြီး သင်တန်းကာလမှာ(၂)ရက်သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်


