မြစ်သား၊ ၂၂ ဇွန်
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်အပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို မြစ်သားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက ယနေ့ နံနက်(၉)နာရီက ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်းများနှင့် လူစည်ကားရာ နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အခမဲ့ထုတ်ဝေခြင်းဖြစ်ပြီး မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေး ဝါးပြဿနာကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ ကမ္ဘာ့ရန်သူ ဘိန်းဖြူ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူဖေးမကူစသည့် အကြောင်းအရာများနှင့် ကာတွန်း၊ ကဗျာ၊ ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရှိရသည်။
မြမြမွန်(မြစ်သားပြန်/ဆက်)


