မြစ်သား ၂၈ မေ


မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ဓါးကိုင်ရမ်းကားနေသူတစ်ဦးအား မြို့မရဲစခန်းမှ လက်နက်ဥပဒေပုဒ်မဖြင့် မေ ၂၇ ရက်နေ့က အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


ဖြစ်စဉ်မှာ မေ၂၆ ရက် ည ၁၀ နာရီအချိန်ခန့်၊ အင်းနားရွှေကူ ဘုရားလမ်းပေါ်တွင် ကောင်းထက်ကျော် (၂၇)နှစ်၊ မြို့မအနောက် ရပ်ကွက်နေသူသည် အရက်သေစာ သောက်စားမူးယစ်ပြီး အသွား ၄လက်မ၊ အရိုး ၅လက်မ၊ အရိုးအသွား ၉ လက်မခန့်ရှိ ဓားဦးချွန် မောင်းချဓားဖြင့် အများသူငှါ သွားလာရာ လမ်းမပေါ်တွင် ရမ်းကားနေကြောင်း သတင်းပေးတိုင်တန်းချက်အရ တာဝန်ရှိသူများက သွားရောက် သိမ်းဆည်း ဖမ်းဆီးခဲ့ကြောင်း မြို့နယ် (ပြန်/ဆက်)မှ သိရသည်။


MDN