မြစ်သား ၁၉  မတ် 


မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ကျင်းပသော ကဗျာလွတ်အကသင်တန်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀နာရီက ကျင်းပသည်။


ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အုန်းကြည်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိအိသွယ်တို့က အမှာစကားများ ပြောကြားကြပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲဝင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းဖြစ်မြောက်ရေး ကူညီထောက်ပံ့ပေးကြသော အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားသည်။

 

1


ဆက်လက်၍ အခြေခံကဗျာလွတ်အက ပထမအဆင့် (အငယ်တန်း) ပထမ၊ ဒုတိယ၊ တတိယ၊ ပထမအဆင့် (အကြီးတန်း) ပထမ၊ ဒုတိယ၊ တတိယ၊ ပထမအဆင့် (အမျိုးသား) အထူးဆု ၂ ဆုနှင့် အခြေခံကဗျာလွတ်အက ဒုတိယအဆင့်  ပထမ၊ ဒုတိယ၊ တတိယတို့အား တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ကြသည်။


ထို့နောက် ဆုရရှိကြသော ကျောင်းသားကျောင်းသူများက အခြေခံကဗျာလွတ်အက၊ သင်္ကြန်မိုး သီချင်းနှင့် မန်းတောင်ရိပ်ခို သီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။


အဆိုပါသင်တန်းအား ကျောင်းသားလူငယ်များ မြန်မာ့အခြေခံ ကဗျာလွတ်အကအား မြတ်နိုး ထိန်းသိမ်းတတ်စေရန်အတွက် မတ်လ ၄ ရက်နေ့မှ  ၁၇ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချခဲ့ရာ သင်တန်းသား ၂၅ ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN

1