မြစ်သား ၂၇ အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်း/ပြည်ပရောက် မဲဆန္ဒရှင်များထံမှ လက်ခံရရှိသော ကြိုတင်ဆန္ဒမဲလက်မှတ်ပါဆန္ဒပြုရန် ပြန်လည်ပေးပို့လာသည့် ဆန္ဒမဲလက်မှတ်များအား ကြိုတင်မဲပုံးအတွင်းထည့်ခြင်းကို ယမန်နေ့ညနေက မြို့နယ် ကော်မရှင်ရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ဝင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်-၂ ဦးအောင်မြင့်နှင့် အဖွဲ့ဝင်-၄  ဦးအောင်ကျော်စိုးတို့က မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်း/ ပြည်ပရောက်မဲဆန္ဒရှင်များထံမှ ကြိုတင်ဆန္ဒမဲလက်မှတ်ရှင် (၅၄)ဦး၏ ဆန္ဒမဲလက်မှတ်(၁၆၂)စောင်ကို စာအိတ်အမှတ်စဉ်ရေး၍ (ပုံစံ၁၈-၁)တွင် ဖြည့်သွင်းပြီးနောက် ကြိုတင်မဲပုံး(၁-၁)ထဲသို့ထည့်သွင်းခဲ့ကြောင်းနှင့် မြစ်သားမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြင်ပရောက်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းကိုလည်း ကပ်ထားကြေညာထားရှိကြောင်း သိရှိရသည်။

 

မြမြမွန်(ပြန်/ဆက်)

 

mdn